Hello

Desktop ပေါ်မှာ Shutdwon Icon အလွယ်လုပ်နည်း။




ဒီနေ. Desktop ပေါ်မှာ Shutdown Icon လေး ဆောက်ပုံလေးပြပေးပါမယ်။ Windows 7 မှာ အပြင် Windows 8 မှာ ဆို ပိုအသုံးဝင်တာပေါ့။ ဘာဖြစ်လို.လဲဆိုတော့ Windows 8 မှာ Shutdown ချရင် အဆင့်တွေများလို.။ အခုတော့ Shutdown Icon တို. Restart Icon တို.ကို Desktop ပေါ်မှာ တင်ထားလိုက်တော့ အချိန်မရွေး လျှင်မြန်စွာ Shutdown ချလို.ရသွားတာပေါ့ဗျာ။ လုပ်ရမယ်ပုံစံက

၁။ Desktop ပေါ်က လွတ်တဲ့နေရာမှာ ညာဘက်ကလစ်နှိပ်ပြီး New မှတဆင့် Shortcut ကို နှိပ်ပေးပါ။


၂။  Type the location of the item ဆိုတဲ့ အောက်မှာ 

%systemroot%\system32\shutdown.exe -s -t 00 လို.ရိုက်ပြီး Next လုပ်ပေးပါ။ shutdown.exe နဲ. -s နဲ. -t နဲ. 00 နဲ. ကြားထဲမှာ space ခြားပါတယ်။ -s ဆိုတာက shutdown ချမယ်ဆိုတဲ့ သဘော အဲဒီနေရာမှာ -r ဆိုရင် Restart ချမယ်ပေါ့။ -t ဆိုတာ နောက် ဘယ်လေက်ကြာရင် Shutdown ချမလဲ သတ်မှတ်တာပါ။ ကျွန်တော်ကတော့ အခုချက်ခြင်း Shutdown ချမှာဖြစ်တဲ့ အတွက် အချိန်ကို 00 သတ်မှတ်ထားပါတယ်။


  

၃။ Type a name for this shortcut အောက်မှာ ကိုယ်နှစ်သက်ရာရေးနိုင်ပါတယ်။ ကျွန်တော်ကတော့ Shutdown လို.ပဲပေးလိုက်ပါမယ်။ ပြီးရင်တော့ Finish ပေါ့။


၎။ ဒါဆိုရင်တော့ Desktop ပေါ်မှာ Shutdown Icon အကြမ်းလေးပေါ်နေပါပြီ။


၅။ အဲဒီ shutdown icon အကြမ်းလေးပေါ်မှာ ညာဘက်ကလစ်လုပ်ပြီး Properties ကို နှိပ်ပေးပါ။


 ၆။ Change Icon ကို နှိပ်ပေးပါ။
  

၇။ Icon အတွက် တခြား ဖိုင်ရွေးပါလို.လာပြောရင် OK လုပ်ပေးလိုက်ပါ။


၈။ ကြိုက်တဲ့ Icon ရွေးလို.ရပါတယ်။ ကျွန်တော်ကတော့ အနီရောင် icon လေးကို ရွေးလိုက်ပါတယ်။

၉။ icon ချိန်းတဲ့ ကဏ္ဍ ပြီးသွားပါပြီ Apply => OK ပေါ့။
   

၁၀။ ဒါဆိုရင်တော့ Desktop ပေါ်မှာ Shutdown icon လေးတစ်ခု ရပါပြီ။ Shutdown အလွယ်တကူ ချနိုင်ကြပါစေ။

 















0 comments: