Hello

Android Phone မှ Wifi Hotspot လွင့်နည်း။



Android Phone မှ Wifi Hotspot လွင့်နည်းကို မသိသေးသူများအတွက် ရည်ရွယ်ပြီး ပြပေးပါမယ်။ ကျွန်တော်ရဲ့ဖုန်းမှာရှိတဲ့ အင်တာနက်ကို အခြား ဖုန်းကဖြစ်စေ အခြား ကွန်ပျူတာက ဖြစ်စေ ပြန်လည် ဖမ်းယူပြီး အင်တာနက် သုံးနိုင်ရန်အတွက်ပါ။ နည်းလမ်းကတော့ လွယ်ပါတယ်။ တခါလောက် လုပ်ပြီးသွားရင် အမြဲတမ်းမှတ်မိနိုင်ပါတယ်။ ကဲ စမ်းကြည့်လိုက်ရအောင်။

၁။ ဖုန်းရဲ့ Settings ထဲကို ၀င်ပါ။


၂။ More Setting ဒါမှမဟုတ် Wireless and Network ထဲဝင်ပါ။



၃။ Tethering and portable hotspot ထဲဝင်ပေးပါ။


၎။ Portable Wi-Fi hotspot ဘေးက ခလုပ်လေးကို On ပေးလိုက်ပါ။


၅။  သေချာပါတယ်ဆိုရင် OK လုပ်ပေးလိုက်ပါ။


 ၆။ အဲဒီ ဖွင့်လိုက်တဲ့ Portable Wi-Fi hotspot ပေါ်ထပ်နှိပ်ပေးပါဦး။


၇။  Configure ဆိုတာကို နှိပ်ပေးပါ။


၈။ Network SSID နေရာမှာ ကိုကြိုက်တဲ့ နာမည်ထည့်ပါ။ ကျွန်တော်ကတော့ kopyaesone လို. ပေးထားတယ်။ Security နေရာမှာ WPA2 PSK ကို ရွေးပြီး Password မှာ English စာလုံးကော နံပါတ်ကော ပါအောင်ပေးပါ။ ပြီးရင်တော့ Save လုပ်ပေးပါ။


၉။ Wi-Fi hotspot လွှင့်တာ အောင်မြင်ပါက အပေါ်ဘယ်ဘက်နားမှာ အပြာရောင် Wi-fi ပုံလေး ပြနေပါလိမ့်မယ်။


၁၀။ ဒါဆိုရင်တော့ ကိုယ့် ကွန်ပျူတာရဲ့ Wifi နေရာမှာ ကိုယ် ဖုန်းမှာ ပေးခဲ့တဲ့ Network နာမည်လေး ပေါ်နေရင် နှိပ်ပြီး Password ထည့်ပြီး ၀င်လို.ရပါပြီ။
 



တကယ်လို.များ Wi-Fi hotspot ဖမ်းယူတာ အဆင်မပြေပါက Security မှာ Open ထားပေးပြီး ပြန်စမ်းကြည့်ပေးပါ။

0 comments: