The Best Google Service Installer for Huawei
Facebook ကနေရော Cbox ကနေရော မေးမြန်းထားကြတဲ့ သူငယ်ချင်းများအားလုံးအတွက်
တင်ပေးလိုက်ပါတယ်ဗျာ။ သိပြီးသားသူတွေလည်းသိကြမှာပါ။ မသိသေးတဲ့
သူငယ်ချင်းများအတွက်ရည်ရွယ်ပါတယ်။ ဒီ Installer လေးကိုတော့
ကိုဖြိုးညီညီ(ကျော်ကြား Electric) မှပြုလုပ်ထားခြင်းဖြစ်ပါတယ်။
ကိုဖြိုးညီညီရဲ့ စွမ်းဆောင်ချက်တွေကတော့ အံ့မခန်းပါပဲဗျာ။
ပို့စ်ရေးသားပေးတဲ့ ကို Kaung Lay Mdy (Maung Toe)
ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။
Android version 2.3.6 ရော…….
4.0.3,4.0.4,4.1.1 ရော……support လုပ်ပါတယ်
လုပ်နည်းကတော့ 2.3.6 Device ဆိုရင်တော့ ginger ကို run ပေးရမှာဖြစ်ပါတယ်….
4.0.3,4.0.4,4.1.1 Device တွေကတော့ ics mini ကို run ပေးရမှာဖြစ်ပါတယ်………
ဒေါင်းလို့ရလာတဲ့ zip file ကိုဖွင့်လိုက်ပါ။ ဖုန်း driver ကိုကွန်ပျူတာက သိပါစေ။ driver မရှိသေးရင်တော့ ဒီနေရာမှာ ဒေါင်းလုပ်ယူနိုင်ပါတယ်။ သက်ဆိုင်ရာ ginger (or) ics mini ကို run ပါ။ box တစ်ခုပေါ်လာပါမယ့်
enter ကိုနှိပ်ပေးလိုက်ပါ။ သူ့ဘာသာသူ အလုပ်လုပ်သွားပါလိမ့်မယ်။ ပြီးရင်
ဖုန်းက reboot ကျသွားပါလိမ့်မည်။ ပြန်တက်လာရင်တော့ ဖုန်းမှာ Google play
store နဲ့ Gmail, Gtalk သွင်းပြီးသားဖြစ်နေပါလိမ့်မည်။
ဒီနည်းလေးနဲ့ ကျွန်တော်ရဲ့  Huawei Y300C ဖုန်းလေးကို စမ်းသပ်ပြီးသားပါခင်ဗျာ။ လုံးဝအဆင်ပြေပါတယ်ခင်ဗျာ။
လိုအပ်ချက်ကတော့ Root လုပ်ထားရပါမည်
တစ်ချိုသော 2.3.6 ဖုန်းတွေမှာ Gapp Installer ဖြင့်သွင်းသော်နည်း Google Apps များမပေါ်ပါ….
ထိုအခါ Recovery ကနေတဆင့်ပြန်သွင်းပေးရပါသည်
ထိုသို့ပြန်သွင်းရန် >> http://goo.im/gapps
ပြထားသောဆိုဒ်သို့သွားပြီးမိမိတို့စက်နှင့်ကိုက်ညီသော ဖိုင်များကိုဒေါင်းပြီပြန်လည်သွင်းကြပါရန်……
4.0 နှင့်အထက်တွေမှာ Gapp Installer သွင်းရုံဖြင့်ရနိုင်ပါသည်
စမ်းသပ်ပြီးသားဖုန်းတွေကတော့….
Huawei u8661
Huawei U8825D
Huawei C8825D
Huawei C8812
Huawei C8810
Huawei U8812D
Huawei C8650
Huawei Y300(U 8833)
Huawei Y300C(C8833)
Huawei G510(U8951)
Huawei U8950D
Huawei C8950
Huawei C 8813D
Huawei C 8813
တစ်ခြားသောဖုန်းများလည်းရနိုင်ပါသေးသည်…..
လူသုံးများသောဖုန်းများသာဖော်ပြပေးထားပါသည်
အားလုံးအဆင်ပြေကြပါစေဗျာ…………………………………
လိုချင်သောသူများ ဒီနေရာမှာ ကလစ်နှိပ်ပြီး ဒေါင်းပါ။
ဒေါင်းလော့မဆွဲတက်ရင်
အိုင်တီသားလေး ဆိုဒ်မှ ပြန်လည်ဖော်ပြသည်။

0 comments: