How to Install Windows Server 2012
Windows Server 2012 Installation
အခုချိန်အထိက Windows Server 2012 က Microsoft ရဲ့ နောက်ဆုံးထွက် NOS (Network Operation System) တစ်ခုပါ။ အရင်က Windows 7 တို. Windows 8 တို. Install လုပ်ဖူးတယ်ဆိုရင် Server 2012 ကို Install လုပ်ရတာ ခက်ခဲမှု ရှိမှာ မဟုတ်ပါဘူး။ ဒီသင်ခန်းစာကတော့ တခါမှ မတင်ဘူးသေးသူများကို ရည်ရွယ်ပါတယ်။
၁။ ပထမအဆင့်အနေနဲ. ကွန်ပျူတာ Bios Setup ရဲ့ First Boot Device မှာ CD Rom ရွေးထားရပါမယ်။
၂။ ဒုတိယအဆင့်အနေနဲ. Server 2012 အခွေထည့်ပြီး အစက် ၅ စက်မပြည်ချင် Enter ခေါက်ပေးပါ။
၃။ ဒီအဆင့်မှာ တော့ ကွန်ပျူတာမှာ သူဘာသာသူ CD နဲ. Boot တက်သွာပြီး Server 2012 ကို တင်ဖို.ပြင်ဆင်နေပါပြီ။
၎။ နှိပ်စရာ အခြားမရှိပါဘူး။ Next ကိုသာနှိပ်ပေးပါ။
၅။ Install Now ကို နှိပ်ပေးပါ။
၆။ ဒုတိယမြောက် စာကြောင်းကို ရွေးပြီး Next နှိပ်ပေးပါ။
၇။ I accept the license teams ဆိုတာကို အမှန်ခြစ်ထည့်ပြီး Next နှိပ်ပေးပါ။
၈။ Custom: Install Windows Only (avanced) ကိုရွေးပေးပါ။
၉။ ဒါကတော့ Harddisk 60 GB ပဲတက်ထားတော့ 60 GB ပဲပြနေတာပေါ့။ Device Option (advanced) ကိုနှိပ်ပေးပါ။
၁၀။ Partition ပိုင်းဖို.အတွက် New ကိုနှိပ်ပေးပါ။
၁၁။ ကိုယ်က c: ကို 30 GB ပေးမှာမို.လို. 30000 MB လို.ရေးပြီး Apply နှိပ်ပေးပါ။
၁၂။ System file တွေ ထည့်ဖို. partition အပိုတစ်ခု ပိုင်းမယ်လို.လာပြောတာ OK လုပ်ပေးလိုက်ပါ။
၁၃။ Partition 1 က System Partition, Partition 2 က C:, ကျန်တဲနေရာကို D: လုပ်မှာမို. ကျန်တဲ့နေရာကို ကလစ်နှိပ်ပြီး New ထပ်နှိပ်ပေးဦး။
၁၄။ သူ.ကို ထပ်မပိုင်းတေ့ဘူး ဒီတိုင်ပဲ Apply လုပ်လိုက်တော့မယ်။
၁၅။ Partition 1 ပေါ် ကလစ်နှိပ်ပြီးမှာ Next ကို ကလစ်လုပ်။
၁၆။ သူဘာသာသူ Install လုပ်သွားလိမ့်မယ်။
၁၇။ ပြီးရင် Restart ကျသွားလိမ့်မယ်။ ပြန်တက်လာလို. အစက်ကပေလးတွေ ပေါ်လာရင်ဟိုးအပေါ်အဆင့်ကလို Enter ခေါက်စရာမလိုတော့ဘူး။ လွှတ်ပေးလိုက်ယုံပဲ။
၁၈။ နောက်တခါပြန်တက်လာရင် ဒါမျိုးတွေပေါ်လာမယ်။
၁၉။ Administrator Password တောင်ရင် Password မှာ စာလုံး အသေး၊ အကြီး၊ နံပါတ်၊ အထူးစာလုံးတွေပါအောင်ပေးရမယ်။ ကျွန်တော်က ဒီလိုပေးတယ်။ Myanmar2014@
၂၀။ Finish လုပ် ပြီးပြီ။
၂၁။ Ctrl ရယ် Alt ရယ် Del ကို တွဲပြီးနှိပ်။
၂၃။ User Account အတွက် Desktop ကို ပြင်ဆင်နေပါပြီ။
၂၄။ Windows Server 2012 တင်တာ ပြီးဆုံးသွားပါပြီ။
0 comments: