Hello

Program တွေ File တွေကို ဆော့ဝဲမသုံးပဲ ဖွင့်မရအောင်ပိတ်နည်း။



  Local Security Policy ကိုအသုံးပြုပြီး Program တွေ File တွေ ဖွင့်မရအောင်ပိတ်တဲ့နည်းလေးကို ပြပေး ပါမယ်။ ဘယ်လိုနေရာမျိုးမှာ သုံးလဲဆိုရင် ဆော့ဝဲတစ်ခုတစ်ခုကို ကိုယ်ကတော့သုံးမယ် တခြားသူ သုံးမရ စေတာမျိုး၊ Auto ထ Run နေတဲ့ ဗိုင်းရပ်တွေကို မ Run နိုင်အောင် ထိန်းချုပ်စေချင်တာမျိုးတွေမှာ အသုံးပြုနိုင်ပါတယ်။

၁။ ပထမအဆင့်အနေနဲ. Keyboard ကနေ Win + R နှိပ်ပြီး Run ကိုဖွင့်ပါ။

 

၂။ Run ထဲမှာ secpol.msc လို.ရေးပြီး အန်တာခေါက်ပါ။


၃။ ဘယ်ဘက်ခြမ်းက Software Restriction Policies ဘေးက အ၀ါနဲ.ပြထားတဲ့ မြှားလေးကို နှိပ်ပါ။


၎။ အဲဒီ Software Restriction Policies ပေါ် ညာဘက်ကလစ်နှိပ်ပြီး New Software Restriction Policies ကို နှိပ်ပေးရပါမယ်။


၅။ Additional Rules ကို ကလစ်တစ်ချက်နှိပ်ပြီး ညာဘက်ခြမ်း လွတ်တဲ့နေရာမှာ ညာဘက်ကလစ် နှိပ်ပြီး New Hash Rule ကို ရွေးပေးရပါမယ်။


၆။ Browse မှ တဆင့် ကိုပိတ်ချင်တဲ့ ဖိုင် ဒါမှမဟုတ် Program exe ရှိတဲ့လမ်းကြောင်းကို ရွေးပေးရပါမယ်။


၇။ ကျွန်တော်ကတော့ Microsoft word ကိုပိတ်ပြပေးပါမယ်။ လမ်းကြောင်းကတော့ C:\Program Files\Microsoft Office\Office14 အောက်မှာရှိတဲ့ WINWORD.EXE လေးကိုရွေးပြီး Open လုပ်ပေးရပါမယ်။


၈။ ပြီးရင်တော့ Apply => OK ပေါ့။


၉။ ကိုယ်သတ်မှတ်လိုက်သော microsoft word ကို Disable လုပ်လိုက်တဲ့ Policy Rule လေးကို မြင်တွေ.နိုင်ပါတယ်။ ပြီးရင်တော့ Computer ကို Logoff လုပ်ချင်လုပ် Restart လုပ်ချင်လုပ်ပါ။


၁၀။ Microsoft Word ကို စမ်းဖွင့်ကြည့်ရအောင်။


၁၁။ ဒီ Program ကို Block လုပ်ထားတဲ့အတွက် ဖွင့်လို.မရပါဘူးလို. Error ပြနေပါပြီ။


၁၂။ တကယ်လို.များ ပြန်ဖွင့်လို.ရချင်တယ်ဆိုရင်တော့ ကိုယ်သတ်မှတ်ခဲ့တဲ့ Policy Rule ကို ပြန်ဖျက်ပြစ်ပြီး ကွန်ပျူတာကို Log off ဒါမှ မဟုတ် Restart ချပေးလိုက်ပါ။



0 comments: