Hello

တမ်းချင်း ကဗျာ

ကျွန်တော့် ရင်ထဲလာတဲ့ ဒီကဗျာလေး ကိုခံစားကြည့်ပေးပါဦး........

တမ်းချင်း
အမှတ်တမဲ့နဲ့ သူ့ရဲ့ပုံရိပ်တွေ
နူးညံ့တဲ့စကားသံတွေ
နွေးထွေးကြင်နာသောအပြုံးတွေ
မချစ်တတ်သေးတဲ့ နှလုံးသားငယ်လေးထဲ
တွယ်ငြိသွားခဲ့တယ်.....

အချစ်ကို အချစ်လို့မသိလိုက်ခင်မှာပဲ
သော့ခတ်ထားတဲ့ နှလုံးသားအိမ်ထဲ
တိတ်တခိုးနဲ့ ရောက်ရှိလာခဲ့တယ်.....

အချစ်ကို အချစ်လိုသိလိုက်ချိန်မှာပဲ
အမှတ်တမဲ့နဲ့ ကျောခိုင်းလိုက်မိတာကို
အလွမ်းနောင်တတွေနဲ့ ရှိနေခဲ့ရပြီ.....

ဘာသာစကားမဲ့ ချစ်ခြင်းမေတ္တာသာ
တူညီစွာလှိုင်းခတ်ခဲ့ရင်
သူရော ကိုယ့် လိုပဲ
လွမ်းနေမှာလား ချစ်သူ ရယ်......

0 comments: