Schedule Task အသုံးပြုနည်း။
ကွန်ပျူတာမှာ Program တွေ File တွေကို ဘယ်နေ.ဘယ်အချိန်မှာ Run ပါဆိုပြီး Schedule သတ်မှတ် ထားလို.ရပါတယ်။ ဥပမာဆိုပါဆို. ကျွန်တော်က ဘယ်နေ.ဘယ်အချိန်မှာ ဘာလေးကိုတော့ Backup လုပ်ချင်တယ်၊ ဗိုင်းရပ်ရေ ဘယ်အချိန်ကျရင်တော့ Run ပါ၊ စသဖြင့် ကြိုတင်ပြီး Schedule ဆွဲထားလို. ရပါတယ်။ ကဲဘယ်လိုစလုပ်ရမလဲ ဆိုတာ စလိုက်ကြရအောင်။
၁။ Win + R တွဲ နှိပ်ပါ။
၂။ Run ထဲမှာ taskschd.msc လို.ရိုက်ပြီး OK လုပ်ပေးပါ။
၃။ Task Scheduler ပေါ် ညာဘက်ကလစ်လုပ်ပြီး Create Basic Task ကို ကလစ်လုပ်ပေးပါ။
၎။ Name နေရာမှာ ကြိုက်တာပေးလို.ရပါတယ်၊ ကျွန်တော်က NotePad လေးကို ပွင့်စေချင်တာမို. Open Notepad လို.ပဲ ပေးလိုက်ပါမယ်၊ ပြီးရင်တော့ Next လုပ်ပါ။
၅။ ဒီအဆင့်မှာတော့ Daily ပွင့်စေချင်တာလား Weekly ပွင့်စေချင်တာလား အဆင်ပြေတာ ရွေး၊ ကျွန်တော်ကတော့ One Time ကိုပဲရွေးလိုက်ပါမယ်။ ပြီးရင်တော့ Next ပေါ့။
၆။ ကိုယ်က အဲဒီ Program ဒါမှမဟုတ် File ကို ပွင့်စေချင်တဲ့ ရက် နဲ. အချိန်ကို သတ်မှတ်ပေးရပါမယ်။ ပြီးရင် Next လုပ်။

၇။ နောက်အဆင့်မှာ Start a program ကိုရွေးပြီး Next လုပ်ပေးပါ။
၈။ Browse မှ တဆင့် ကို ပွင့်စေချင်တဲ့ File ကိုရွေးပေးရပါမယ်။ Browse ကိုနှိပ်ပါ။
၉။ ကျွန်တော်က Notepad ကိုပွင့်စေချင်တာမို. My Computer c:\windows\system32 အောက်မှာ notepad ကို သွားရွေးပေးရပါမယ်။ ( ဒီအဆင့်မှာ ကိုက Program တွေကိုပဲဖြစ်ဖြစ် File တွေကိုပဲဖြစ်ဖြစ် သတ်မှတ်ပေးလို.ရပါတယ် ) ရွေးပြီးသွားရင် တော့ Next လုပ်ပေးရပါမယ်။
၁၀။ ပြီးဆုံးသွားပါပြီး Finish လုပ်ပေးပါ။ ဒါဆိုရင်တော့ သတ်မှတ်ထားတဲ့ အချိန်ကျရင် Notepad လေး ပွင့်လာပါလိမ့်မယ်။
ကိုယ်သတ်မှတ်ထားတဲ့ schedule task လေးကို Task Scheduler Library ထဲမှာ ၀င်ကြည့်လို.ရပါတယ်။
0 comments: